Wednesday, May 31, 2023
HomeLead Storyဟုမ္မလင်းမြို့နယ် ကျေးရွာတချို့တွင် လုယက်ဓားပြတိုက်မှု ပိုများလာ

ဟုမ္မလင်းမြို့နယ် ကျေးရွာတချို့တွင် လုယက်ဓားပြတိုက်မှု ပိုများလာ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က ကျေးရွာတချို့မှာ  လုယက် ဓားပြတိုက်ခံရမှုတွေ မကြာခဏဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

လူသွားလူလာနည်းပါးတဲ့ နမ့်တောကျေးရွာ၊ ကံကျော်ရကျေးရွာနဲ့ တက်ခတ် ပေးကုန်းကျေးရွာတွေ သွားတဲ့ နေရာတွေမှာ လုယက်ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ပေါ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

Mask တပ်ထားတဲ့သူအချို့က လုယက် ဓားပြတိုက်နေတာ စက်တင်ဘာလကစပြီး ဒီနေ့အထိ ၇ ကြိမ်လောက်ရှိပြီဖြစ်ပြီး အဲဒီဒေသတဝိုက်မှာ မူးယစ်ဆေး ရောင်းဝယ်သူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၅ ရက်လောက်က နမ့်တောမှာ ရွှေသွားရောင်းတဲ့သူတဦး လမ်းမှာ ဓားပြတိုက်ခံတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

“ပိုက်ဆံပါရင် ပိုက်ဆံယူပါတယ်။ ဖုန်းပါရင် ဖုန်းယူပါတယ်။ ရွှေရောင်းတဲ့သူ တစ်ယောက်ဆိုရင် ၈ သိန်းဖိုးလောက် ပါသွားတယ်။”

လက်ရှိအချိန်ထိ ဓားပြတိုက်သူတွေက လူတွေကို အန္တရာယ်ပြုတာတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

ကုန်စျေးနှုန်းတက်ပြီး လုပ်ငန်းတွေအဆင်မပြေတာကြောင့် အခုကာလ‌ လုယက် ဓားပြတိုက်မှုတွေ  ဖြစ်လာနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရတာတွေလည်း ရှိနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular