မန်စီးတီးနည်းပြအဖွဲ့ဝင်အား တံတွေးဖြင့်ထွေးခဲ့သည့် ပရိသတ်ကို လီဗာပူးအသင်း အရေးယူမည်

မန်းစီးတီးအသင်းကို အန်ဖီးလ်ကွင်းမှာ ဧည့်ခံကစားစဉ်က စီးတီးနည်းပြအဖွဲ့ဝင်တစ်ဦးအား တံတွေးနဲ့ ထွေးခဲ့တဲ့ ပရိသတ်ကို စုံစမ်းအရေးယူဖို့ လီဗာပူးအသင်း စတင်လုပ်ဆောင်နေပါတယ်။ 

မန်စီးတီးအသင်းဘက်ကလည်း ရုပ်သံ ဗွီဒီယိုနဲ့တကွ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တိုင်တန်းထားပြီး လီဗာပူးက မာဆေးဆိုဒ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 

လီဗာပူးအသင်းအနေနဲ့ တံတွေးနဲ့ ထွေးခဲ့တဲ့ ပရိသတ်ကို တစ်သက်တာ ပွဲကြည့်ရှုခွင့်ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ ရှိနေပါတယ်။

မန်စီးတီးအသင်းအပါအဝင် တာဝန်ရှိသူအားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီး ကလပ်အသင်းရဲ့ စည်းမျဉ်းတွေအတိုင်း ပြစ်ဒဏ်ချမှတ်မှာဖြစ်ကြောင်း၊ အန်ဖီးလ်ကွင်းဟာ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကောင်းဖြစ်ဖို့လိုပြီး လက်မခံနိုင်တဲ့ အပြုအမူတွေကို သည်းခံမှာမဟုတ်ကြောင်း လီဗာပူးအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

More News
Up