ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်မှာ အောက်တိုဘာ ၄ ရက် ညပိုင်းက ဒေသခံပြည်သူ ၁၄ ဦးကို PDF အဆက်သွယ်ရှိတယ်ဆိုပြီး စစ်အုပ်စုဘက်က စွပ်စွဲဖမ်းဆီးသွားပါတယ်။
မနေ့ညပိုင်းက မြို့ပေါ်ရပ်ကွက်တချို့မှာ ဧည့်စာရင်းစစ်ပြီး အိမ်ထဲမှာရှိတဲ့ ဖုန်းတွေသိမ်း၊ ပစ္စည်းတွေကို ဖျက်ဆီးပြီး ဒေသခံတချို့ကို PDF အဆက်သွယ်ရှိတယ်ဆိုကာ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“အမှတ် ၁ နဲ့ ၂ ရပ်ကွက်တွေမှာ အဖမ်းခံရတာများတယ်။ ဝါးပွဲရုံက အလုပ်သမားတွေပါ အဖမ်းခံရတာ။ ဝန်ထမ်း မိသားစုလည်းပါတယ်။ ခုက ပြန်ပေးဆွဲပြီး ငွေတောင်းတဲ့ပုံစံဖြစ်နေတာ။ ဟုတ်တာ၊ မဟုတ်တာ ခဏထား၊ ပိုက်ဆံပေးရင်တော့ ပြန်လွှတ်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မအူပင်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရ သူ ၁၀၀ ကျော်ထိ ရှိလာပြီလို့ သိရပါတယ်။