Live
Home
မြန်မာသတင်း
တစ်ပတ်အတွင်း ဒေါ်လာစျေး ကျပ် ၄၀၀ ခန့်ပြန်ကျ
DVB
·
October 4, 2021

အောက်တိုဘာ ၄ ရက်နေ့ ပြင်ပစျေးကွက်မှာ အမေရိကန်ဒေါ်လာပေါက်စျေးက တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၂၃၀၀ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က ဖြစ်ခဲ့တဲ့ စျေးနဲ့ယှဉ်ရင် တစ်ဒေါ်လာကို ကျပ် ၄၀၀ ခန့် ပြန်ကျဆင်းခဲ့တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်နေ့စဉ်မြင့်တက်နေတဲ့ ဒေါ်လာငွေလဲနှုန်းကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ဈေးကွက်အတွင်း ဒေါ်လာအမြောက်အမြား ထုတ်ရောင်းပေးနေတာမှာ ရှစ်လ အတွင်း အမေရိကန်ဒေါ်လာ ၁၈၄ ဒသမ ၈ သန်းအထိ ရောင်းချထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါ်လာစျေးဟာ တစ်ဒေါ်လာကို ကျပ် ၂၀၀၀ အထက်မှာပဲ ဆက်ရှိနေပြီ။ ရှစ်လအတွင်း ၇၀ရ ာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။

စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာလက်ဝယ်ထားရှိမှုတွေကို  ထိန်းချုပ်တဲ့အနေနဲ့ ပြည်ပပို့ကုန်ရငွေတွေနဲ့ ပက်သက်တဲ့ညွှန်ကြားစာတစ်စောင်ကို  ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဆိုပါညွှန်ကြားချက်အရ ပို့ကုန်လုပ်ငန်းရှင်တွေကနိုင်ငံခြား ပို့ကုန်တင်ပို့ရောင်းချပြီး ရရှိလာတဲ့ ငွေတွေကိုလက်ဝယ်ကိုင် ဆောင်ထားခွင့်မရှိဘဲ ရက် ၃၀ အတွင်း AD လိုင်စင်ရ ဘဏ်တွေကို  စျေးကွက် ပေါက်စျေးနဲ့ မပျက်မကွက် ပြန်ရောင်းချရမှာဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024