ထိုင်းတွင် ခရီးသည်တင်ကား တိမ်းမှောက်၊ ၂၉ ဦး သေဆုံး

ဓာတ်ပုံ - hilight.kapook.com
ထိုင်းနိုင်ငံ အရှေ့မြောက်ဒေသကနေ မြောက်ပိုင်း ချင်းရိုင်ကို သွားတဲ့ ခရီးသည်တင်ကား ချောက်နက်ထဲကို အရှိန်လွန် ထိုးကျသွားပြီး လူ အနည်းဆုံး ၂၉ ယောက် သေဆုံးသွားပါတယ်။ [caption id="attachment_49198" align="alignright" width="300"]ဓာတ်ပုံ - hilight.kapook.com ဓာတ်ပုံ - hilight.kapook.com[/caption]ဒီဇင်ဘာ ၂၆ ရက်နေ့ ညသန်းခေါင်လောက်မှာ ဖွပ်ချာဘန်းခရိုင်ထဲမှာ ယာဉ် မတော်တဆ ဖြစ်ခဲ့တာလို့ ခရိုင်ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ အလောင်း ၂၈ လောင်းကို ချောက်ထဲမှာ တွေ့ခဲ့ပြီး တယောက်ကတော့ ဆေးရုံပေါ်မှာ သေဆုံးသွားပြီး ၄ ယောက်ကလည်း ဆေးရုံပေါ်မှာ စိုးရိမ်ဖွယ် အခြေအနေမှာ ရှိတယ်လို့ ပြောပါတယ်။ ရဲကို အကြောင်းကြားတဲ့ မျက်မြင်တွေရဲ့ အဆိုအရ ကားဟာ အရှိန်ပြင်းပြင်းနဲ့ မောင်းခဲ့တယ်လို့ ပြောပါတယ်။ ကားပေါ်မှာ ခရီးသည် ၄၀ နီးပါး လိုက်ပါခဲ့ပြီး ပေ ၁၀၀ လောက်နက်တဲ့ ချောက်ထဲကို ထိုးကျသွားလို့ ကား ၁ စီးလုံးလည်း ပျက်စီးသွားခဲ့ပါတယ်။

//
More News
Up