မော်လမြိုင်ကျွန်းမြို့၌ ဗုံး ၂ လုံးပေါက်ကွဲ ၊ ၄ ဦး ဒဏ်ရာရ


ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့၊ အမှတ် ၁၀ ရပ်ကွက်မှာ အောက်တိုဘာလ ၃ ရက် ဒီနေ့ မနက်ပိုင်းက ဗုံး ၂ လုံး ဆင့်ပေါက်ကွဲခဲ့ တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဗိုလ်ချုပ်လမ်းနဲ့စပယ်လမ်းထိပ် လက်ဖက်ရည်ဆိုင်နားမှာ မနက် ၉ နာရီ ၄၅ မိနစ်ကနေ ၁၀ နာရီကြား ဗုံး နှစ်လုံး ဆင့်ပေါက်ကွဲခဲ့တာကြောင့် လူ ၄ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"ဒလန်တွေထိုင်နဲ့ လက်ဖက်ရည်ဆိုင်နားမှာ ခွဲတာ ၄ ယောက် ဒဏ်ရာရတယ်။ ဘယ်သူတွေဆိုတာ တော့ မသိရသေးဘူး။ အဲဒီဆိုင်က ရဲနဲ့စစ်သား ကင်းလှည့်ပြီးရင် ထိုင်တဲ့ဆိုင်ပါ။”
စစ်အုပ်စုသတင်းပေးတွေ ထိုင်တဲ့ လက်ဖက်ရည်ဆိုင်နား ဗုံးခွဲခဲ့တာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ မော်လမြိုင်ကျွန်း မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (Maw Gyun-STF)က အတည်ပြုပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး ပတ်ဝန်းကျင်ကို ဆဲဆိုခြိမ်းခြောက်ကာ ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။