ဝက်လက်မြို့နယ်၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး အသတ်ခံရ၊ Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အောက်တိုဘာ ၂ ရက်နေ့က  ဒလန်တယောက်ကို သုတ်သင်ရှင်းလင်းလိုက်ပြီး စစ်တပ်ပိုင် Mytelတာဝါတိုင် တတိုင်ကိုလည်း ထပ်မံ ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့  ဖောင်းဒိုင်း ဖောင်းဒိုင်း  အဖွဲ့ထံကသိရပါတယ်။

ရုံးပင်ကုန်းကျေးရွာသား စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသိန်းတင့်ကို မနေ့ည ၁၁ နာရီကျော်လောက်မှာ ဝက်လက်လျှပ်စီးအဖွဲ့နဲ့ ပူးပေါင်းပြီး သုတ်သင်ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဝက်လက်မြို့နယ်အရှေ့ခြမ်း ရေသောက်ကန်ကျေးရွာအနီးက စစ်တပ်ပိုင်  Mytel တာဝါတိုင် မနေ့ မနက် ၁ နာရီလောက်မှာ  ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်၊ ရှိမ်းမကားလမ်းဆုံအနီးရှိ Mytel  တာဝါတိုင် တတိုင်ကိုလည်း အောက်တိုဘာ မနက် ၂ နာရီခွဲလောက်က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့က ကြေညာထားပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ဒလန်ပျူစောထီး ၆ ယောက်ကို သုတ်သင်ရှင်းလင်းထားပြီး၊  Mytel တာဝါတိုင် ၉ တိုင်အထိ ဖေါက်ခွဲဖျက်ဆီးထားတယ်လို့  သိရပါတယ်။

More News
Up