မြန်အောင်တွင် ကျေးလက်နေပြည်သူ ၁၅ ဦးကို စစ်တပ်က ဖမ်းဆီး

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာ ကျောင်းရှေ့မှာ အောက်တိုဘာ ၁ ရက်​​နေ့က ဒလန်တစ်ဦး သတ်ခံရပြီး​နောက် ​ကျေးရွာနေ ပြည်သူ ၁၅ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက သပြေကုန်းရွာမှာ မနေ့ညက အပြစ်မဲ့ပြည်သူ ၁၅ ဦးကို အကြောင်းပြချက်မရှိ ဖမ်းဆီးချုပ်နှောင် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သ​ပြေကုန်းရွာသားတစ်ဦးက ပြောပါတယ်။

 ​“ညက ရွာမှာ တညလုံးကို ​စစ်တပ်က မွှေ​နေတာ။ မဆိုင်တဲ့သူ​တွေကို ဖမ်းသွားတယ်။ မ​နေ့က ထူးကြီးရွာဘက် ပျူ​စောထီးတွေ တုတ်​တွေ ဓား​တွေနဲ့ လာတယ်။ အခုဖမ်းသွားတာ။ ဘယ်ဖမ်းသွားမှန်း မသိဘူး။”

သပြေကုန်းကျောင်းရှေ့မှာ ​အောက်တိုဘာ ၁ ရက်​​ ညနေ ၅ နာရီ​ကျော်က စစ်တပ်သတင်း​ပေး ဒလန်နှစ်ဦး ပစ်ခတ်ခံရပြီး​နေရာတင် ၁ ဦး ​သေဆုံး​ခဲ့တယ်လို့ သိရပါတယ်။

ဒလန်တွေ ပစ်ခတ်ခံရပြီး  အင်္ဂပူမြို့နယ်ဘက်မှ စစ်ကား ၆ စီးနဲ့ အင်အား ၆၀ လောက်က လာရောက်ပြီး အကြမ်းဖက်စစ်တပ်ဖွဲ့ဝင်တွေ လမ်းတ​လျှောက် ​သေနတ်တွေ ပစ်​ဖောက်ကြတယ်လို့ သိရပါတယ်။

More News
Up