Saturday, June 10, 2023
HomeLead Storyရိုမေးနီးယားတွင် ကုန်တင်ကားမောင်းသမားများ ဆန္ဒပြ

ရိုမေးနီးယားတွင် ကုန်တင်ကားမောင်းသမားများ ဆန္ဒပြ

ရိုမေးနီးယားရဲ့မြို့တော် ဘူခါရက်စ်မှာ ကုန်တင်ကားမောင်းသူ အယောက် ၁၀၀ လောက်ဟာ ဗစ်တိုးရီးယားရင်ပြင်မှာ ထရပ်ကားတွေကို ရပ်ထားပြီး မဖြစ်မနေပေးသွင်းရမယ့် အာမခံပေါ်လစီကြေးတွေနဲ့အခွန်ပေးဆောင်ရမှုတွေ တရိပ်ရိပ်တိုးလာတဲ့အပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

မေလတုန်းက ရိုမေးနီးယားရဲ့ အခွန်အကောက်စောင့်ကြည့်အဖွဲ့က ယာဉ်မောင်းတွေရဲ့ နေ့စဉ်လုပ်ခကို ၀င်ငွေခွန်ဆောင်ရဖို့နဲ့ ဝင်ငွေတွေအပေါ်မှာလည်း နောက်ကြောင်းပြန် ၅ နှစ် အတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အခွန်ဆောင်စေဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပျမ်းမျှအားဖြင့် ယာဉ်မောင်းတစ်ဦးဟာ နောက်ကြောင်းပြန်အခွန် ယူရို ၉ သောင်းအထိ ပေးဆောင်ရနိုင်တယ်လို့ UNTRR အမျိုးသားပို့ဆောင်ရေး အလုပ်ရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ရာဒူဒီနက်စ်ကူက ပြောပါတယ်။

ဆန္ဒပြမှုတွေမတိုင်မီ စက်တင်ဘာ ၂၈ ရက်နှောင်းပိုင်းကတော့ အာဏာရလစ်ဘရယ်ပါတီဟာ နောက်ကြောင်းပြန်အခွန်ပေးဆောင်မှုကို ဖယ်ရှားမယ့် ဥပဒေမူကြမ်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ 

ရိုမေးနီးယားမှာတော့ ပြည်တွင်းအခွန်ကိစ္စကို ဆန့်ကျင်ဆန္ဒပြနေချိန်မှာ ဗြိတိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၀၀၀ ကျော်ရဖို့ အဆိုပြုထားပြီး နိုင်ငံခြားသား ယာဉ်မောင်းတွေကို ကာလတိုဗီဇာနဲ့ အလုပ်လုပ်ခွင့်ပြုမယ့် ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ရဲ့ အဆိုပြုချက်ဟာ ကုန်တင်ကားမောင်းသူတွေကို အတော်ကြီး ဆွဲဆောင်နေတဲ့ အစီအစဉ် ဖြစ်တယ်လို့  ရိုမေးနီးယား ကုန်ကားမောင်းသမားတွေက ပြောပါတယ်။ 

ဗြိတိန်မှာ ကုန်တင်ထရပ်ကားမောင်းသူ ၁ သိန်းလောက် ရှားပါးမှု၊ စက်ရုံလုပ်သား ၁ သိန်းလောက် ထွက်ခွာမှု၊ ဘရက်ဆစ်နဲ့ ကိုဗစ် အရေးတွေကြောင့် နိုင်ငံတစ်ဝှမ်းရှိမြို့ကြီးများမှာ စတိုးဆိုင်တွေ ပစ္စည်းပြတ်ကုန်ပြီး ဓာတ်ဆီဆိုင်တွေမှာလည်း ခြောက်သွေ့နေတာပါ။

 ဒါကိုတုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်အစိုးရဟာ နိုင်ငံခြားထရပ်ကားမောင်းသူ ၅၀၀၀ အတွက် ယာယီဗီဇာ ထုတ်ပေးဖို့ စီစဉ်နေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular