ကမ္ဘာတဝန်း ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် တရားဝင်စာရင်းထက် ပိုနိုင်ဟု WHO ပြော

ကမ္ဘာတဝန်းလုံးမှာ ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ တရားဝင် ဖော်ပြနေကြတာ ထက် အများကြီး ပိုနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။ 

ကိုဗစ် ရောဂါရယ်၊ ကိုဗစ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ ရောဂါတွေကြောင့် သေဆုံးသွားသူ ခန့်မှန်းခြေ ၆ သန်းကနေ ၈ သန်းကြား ရှိနိင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်း လိုက်တာပါ။ 

မနှစ်က ကိုဗစ်ကြောင့် သေဆုံးသူဟာ ၃ သန်းအထိ ရှိနိုင်ပြီး တရားဝင် ဖော်ပြတာထက် ၁ ဒသမ ၂ သန်းလောက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။ 

၂၀၂၁ မေလအထိ လူပေါင်း ၃ ဒသမ၄ သန်းဟာ ကိုဗစ်ကြောင့် သေဆုံးသွားရပြီးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဆိုထားပါတယ်။ 

တကယ်မှာတော့ အမှန်တကယ် သေဆုံးသူဟာ နှစ်ဆကနေ သုံးဆအထိ ပိုများနိုင်တာ ကြောင့် ၆ သန်းကနေ ၈ သန်းလောက်အထိ သေဆုံးပြီး ဖြစ်နိုင်တယ်လို့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆာမာရာ အက်စ်မာက ပြောပါတယ်။  

More News
Up