တိုက်စစ်စွမ်းဆောင်ရည်တိုးတက်လာသည့် ဒက်ကလန်ရိုက်ကို နည်းပြမိုယက်စ်ချီးကျူး

ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၂ ပွဲဆက်တိုက်ဂိုးသွင်းပြီး တိုက်စစ်စွမ်းဆောင်ရည် တိုးတက်လာတဲ့ ဒက်ကလန်ရိုက်ကို ဝက်စ်ဟမ်း နည်းပြ ဒေးဗစ်မိုယက်စ်ကချီးကျူးပါတယ်။

ဝက်စ်ဟမ်း ကွင်းလယ်ခံကစားသမား ဒက်ကလန်ရိုက်ဟာ ဒိုင်နမိုဇာဂရက်နဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ အနိုင်ဂိုးတစ်ဂိုးသွင်းခဲ့သလို ရက်ပစ်ဗီယင်နာနဲ့ ပွဲမှာလည်း တစ်ဂိုးထပ်သွင်းခဲ့တာပါ။

ဒက်ကလန်ရိုက်ရဲ့ဂိုးဟာ အလွန်ကောင်းမွန်ပြီး တိုက်စစ်လိုက်ပါ ဂိုးသွင်းနိုင်စွမ်းလည်းရှိသူဖြစ်တယ်လို့နည်းပြ မိုယက်စ်ကချီးကျူးခဲ့တာပါ။

“သူကပိုပြီး စွမ်းဆောင်နိုင်တယ်ဆိုတာ စတင်ပြသနေပြီ။ တကယ်လည်း အခုထက်ပိုစွမ်းဆောင်နိုင်သူပါ။ ကန်ချက်ကောင်းကောင်းတွေသူလုပ်နိုင်တယ်။ ခြုံပြောရရင်တော့ ပိုပြီးတိုးတက်လာတဲ့ကွင်းလယ်ကစားသမား ဖြစ်ပါတယ်”  လို့ ဒက်ကလန်ရိုက်ရဲ့ခြေစွမ်းကို နည်းပြ မိုယက်စ်ကချီးကျူးခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ယူရိုပါလိဂ်အုပ်စုအဆင့်မှာ ၂ ပွဲကစား ၂ ပွဲနိုင် ရလဒ်နဲ့ အုပ်စုဒုတိယနေရာက ဒိုင်နမို ဇာဂရက်ဇ်ကို ၃ မှတ်ဖြတ်ပြီး ဦးဆောင်ထားပါတယ်။ 

More News
Up