ကိုဗစ်ကာကွယ်ဆေး သတင်းမှားများကို YouTube ပိတ်မည်

ကိုဗစ်ကာကွယ်ဆေးတွေနဲ့ပတ်သက်လို့ အတည်ပြုထားပြီးသား ကာကွယ်ဆေးတွေ အကြောင်း သတင်းမှားတွေ ပါဝင်နေတဲ့ အကြောင်းအရာတွေ ရှိလာတာကြောင့် မဟုတ်မမှန် သတင်းတွေကို YouTube ချန်နယ်က ပိတ်ပင်မှာဖြစ်တယ်လို့ စက်တင်ဘာ ၂၉ ရက်က ပြောပါတယ်။ 

YouTube မှာ ခွင့်ပြုတော့မှာမဟုတ်တဲ့ အကြောင်းအရာတွေမှာဆိုရင် ဥပမာအားဖြင့် တုပ်ကွေး ကာကွယ်ဆေးဟာ မျိုးမပွားနိုင်ခြင်းကိုဖြစ်စေကြောင်းနဲ့ ဝက်သက်၊ ပါးချိတ်ရောင်နဲ့ ဂျိုက်သိုး ရောဂါတို့ကို ကာကွယ်ပေးတဲ့ MMR ထိုးဆေးဟာ Autism ဖြစ်စေနိုင်ကြောင်းစတဲ့ အကြောင်းအရာတွေကို YouTube ရဲ့ မူဝါဒတွေနဲ့အညီ တားမြစ်ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။ 

Alphabet Inc မှပိုင်ဆိုင်တဲ့ အွန်လိုင်းဗီဒီယိုကုမ္ပဏီဟာ ရောဘတ်အက်ဖ်ကနေဒီဂျူနီယာနဲ့ ဂျိုးဇက်မာကိုလာတို့ အပါအ၀င် ထင်ရှားတဲ့ ကာကွယ်ဆေးတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူများ နဲ့ ဆက်နွှယ်နေတဲ့ လမ်းကြောင်းတွေကို ပိတ်ပင်လိုက်တယ်လို့ YouTube ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။ 

မာကိုလာရဲ့ ၀က်ဘ်ဆိုက်မှာတော့ “ငါတို့ဟာ တစ်ကမ္ဘာလုံးမှာ စည်းလုံးညီညွတ်ကြတယ်၊ ငါတို့ဟာ ကြောက်ရွံ့သွားမှာမဟုတ်၊ ငါတို့ အတူတကွ ရပ်တည်ပြီး ငါတို့လွတ်လပ်ခွင့်တွေကို ပြန်ထူထောင်ကြမယ်” လို့ စာနယ်ဇင်းရှင်းလင်းတဲ့ အီးမေးလ်တစောင် ဖော်ပြထားပါတယ်။

ကနေဒီကတော့ ကြေညာချက်ထုတ်ပြန်ထားတာမှာ ဆင်ဆာဖြတ်တောက်မှုနဲ့ လျှို့ဝှက်ထားရမှုတွေဟာ ဒီမိုကရေစီ (သို့) ပြည်သူ့ကျန်းမာရေးကို တိုးတက်စေတယ် ဆိုတဲ့ ဥပမာမျိုး ရာဇဝင်မှာ တခုမှမရှိဘူး လို့ ဖော်ပြထားပါတယ်။ 

YouTube နဲ့ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ တို့လို တခြားနည်းပညာကုမ္ပဏီကြီးတွေကလည်း သူတို့ရဲ့ဆိုက်တွေမှာ မှားယွင်းတဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေ ပြန့်ပွားခြင်းကို ရပ်တန့်ဖို့  လုံလောက်စွာ မလုပ်ဆောင်ခြင်းကြောင့် ဝေဖန်မှုတွေကို ခံနေရပါတယ်။ 

More News
Up