လေယာဉ်ဖျက် ဒုံးကျည်သစ် မြောက်ကိုရီးယား ပစ်လွှတ်

မြောက်ကိုရီးယားဟာ အသစ်တီထွင်ထားတဲ့ လေယာဉ်ဖျက်ဒုံးကျည်ကို စက်တင်ဘာ ၃၀ ရက်က ပစ်လွှတ်လိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က အောက်တိုဘာ ၁ ရက် သောကြာနေ့မှာ ကြေညာပါတယ်။ 

ဒါဟာ အမေရိကန်ပြည်ထောင်စုနဲ့ အကန့်အသတ်မရှိ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေချိန်မှာ သူ့ရဲ့လက်နက် စမ်းသပ်မှုတွေထဲက နောက်ဆုံးစမ်းသပ်မှု တစ်ခုလည်း ဖြစ်ပါတယ်။ 

ဒါဟာ အခုသီတင်းပတ်အတွင်း မြောက်ကိုရီးယားရဲ့ ဒုတိယမြောက် လူသိများတဲ့ လက်နက်စမ်းသပ်မှုဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်က အရင်က မမြင်တွေ့ဖူးသေးတဲ့ အသံထက်မြန်တဲ့ ဒုံးကျည်ကိုပစ်လွှတ်ခဲ့တာပါ။ 

လတ်တလောသီတင်းပတ်တွေအတွင်းမှာလည်း ပဲ့ထိန်းဒုံးကျည်တွေနဲ့ နျူကလီးယား စွမ်းရည်တွေ ပါဝင်နိုင်မှုအလားအလာတွေရှိတဲ့ ခရုဇ်ဒုံးကျည်တွေကိုလည်း ပစ်လွှတ်ခဲ့ပါတယ်။

ဒီစမ်းသပ်ပစ်လွှတ်မှုတွေဟာ မြောက်ကိုရီးယားက ပိုမိုခေတ်မီဆန်းသစ်တဲ့ လက်နက်တွေ ကို တဖြည်းဖြည်း ဘယ်လိုတီထွင်ခဲ့တယ် ဆိုတာကို မီးမောင်းထိုးပြနေပြီး သူ့ရဲ့နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို စွန့်လွှတ်ဖို့ ဖိအားပေးနေတဲ့ကြိုးပမ်းမှုတွေအတွက် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ လောင်းကြေးထပ်မြှင့်လိုက်တာလို့လည်း ဆိုပါတယ်။

ဒီစမ်းသပ်မှုဟာ ဒုံးကျည်ရဲ့ လောင်ချာ၊ ရေဒါ၊ ပြည့်စုံတဲ့တိုက်ပွဲဝင်ကွပ်ကဲမှုယာဉ်နဲ့ တိုက်ခိုက်ရေးစွမ်းဆောင်ရည်တွေအပေါ် လက်တွေ့ကျကျလုပ်ဆောင်ချက်ကို အတည်ပြုဖို့ ရည်ရွယ်တာဖြစ်ကြောင်း စစ်လက်နက်များ တီထွင်ထုတ်လုပ်တဲ့ ကာကွယ်ရေးသိပ္ပံအကယ်ဒမီက ပြောဆိုထားကြောင်း KCNA သတင်းအေဂျင်စီက ထုတ်ပြန်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up