ကမ္ဘာ့ဖလား မြန်မာပြည်ရောက်ပြီ

မြန်မာနိုင်ငံမှာ ၂ ရက်ကြာ ပြသမယ့် ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဆု ရန်ကုန်မြို့ကို ဒီဇင် ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ရောက်ရှိလာပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားဟာ အိန္ဒိယနိုင်ငံကနေ လေကြောင်း ခရီးနဲ့ ရောက်ရှိလာပြီး ဖီဖာနဲ့ ကိုကာကိုလာ အချိုရည်က တာဝန်ရှိသူတွေပါ လိုက်ပါလာတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ဆုကြီးရဲ့ ခရီးစဉ်ကို ကိုကာကိုလာ အချိုရည်က တာဝန်ယူ လုပ်ဆောင်ပေးနေတာပါ။ ဖီဖာရဲ့ ကမ္ဘာ့ဖလား ရုပ်တုဟာ ကမ္ဘာ့နိုင်ငံအနှံ့ကို လှည့်လည် ပြသနေတာဖြစ်ပြီး မြန်မာနိုင်ငံကို ပထမဦးဆုံး အကြိမ် ရောက်ရှိလာတာပါ။ ဆုဖလား ရုပ်တုကို ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းမှာ ကမ္ဘာ့ဖလားကို ထားရှိပြီး အများပြည်သူ ကြည့်ရှုနိုင်ဖို့ ပြသသွားမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - ကျော်ဇေယျာဝင်း [gallery ids="49141,49142,49143,49144,49145,49146,49147"]

//
More News
Up