Thursday, June 8, 2023
HomeLead Storyကွင်းထဲ ရော်နယ်ဒိုရှိနေသမျှ အခွင့်အရေးအမြဲတမ်းရှိဟု နည်းပြဆိုးလ်ရှား ချီးကျူး

ကွင်းထဲ ရော်နယ်ဒိုရှိနေသမျှ အခွင့်အရေးအမြဲတမ်းရှိဟု နည်းပြဆိုးလ်ရှား ချီးကျူး

ကွင်းထဲမှာ စီရော်နယ်ဒို ဆက်ရှိနေသမျှ အနိုင်ရဖို့ အခွင့်အရေးတစ်ခု အမြဲတမ်းရှိတယ်လို့ မန်ယူ နည်းပြ ဆိုးလ်ရှားက ချီးကျူးပါတယ်။ 

စီရော်နယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ ဗီလာရီးယဲလ်နဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ  ပွဲပြီးခါနီးအနိုင်ဂိုး သွင်းယူပေးခဲ့ပြီး ပထမဆုံးနိုင်ပွဲရရှိစေခဲ့တာပါ။ 

စီရော်နယ်ဒိုဟာ ဘောလုံးထိချက် များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ ကိစ္စမရှိဘဲ ပွဲချိန်တိုင်းမှာ အခွင့်အရေးကို အမိအရ ရယူနိုင်စွမ်းရှိပြီး သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်မှာလည်း သက်သေပြသခဲ့ပြီးဖြစ်တယ်လို့ ရော်နယ်ဒိုကို ဆိုးလ်ရှားက ပွဲအပြီးမှာ ချီးကျူးခဲ့တာပါ။ 

“ကွင်းထဲမှာ ခရစ္စတီယာနိုရှိတိုင်း အခွင့်အရေးဆိုတာလည်း အမြဲတမ်းရှိတယ်။ သူက ဂိုးရှေ့မှာ အလွန်ကောင်းပြီး အသင်းဖော်တွေအတွက်တင်မဟုတ်ဘဲ ပရိသတ်တွေနဲ့ တစ်သင်းလုံးအတွက်ပါ အကျိုးသက်ရောက်မှုရှိစေပါတယ်။” 

ရော်နယ်ဒိုအနေနဲ့ လွန်ခဲ့တဲ့တစ်လက ကစားခဲ့တဲ့ အိုင်ယာလန်နဲ့ပွဲမှာလည်း ပင်နယ်တီမဝင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ခမ်းနားတဲ့ ခေါက်တိုက်ဂိုး ၂ ဂိုးနဲ့ အသင်းကို ပြန်လည်ဆွဲတင်ပေးနိုင်ကြောင်း၊ ရော်နယ်ဒိုရဲ့ ကစားသမားဘဝတစ်လျှောက်မှာ အဲဒီလို အမြဲတမ်းလုပ်ဆောင်နိုင်ခဲ့ကြောင်း နည်းပြဆိုးလ်ရှားက ချီးကျူးခဲ့ပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular