Sunday, June 11, 2023
HomeLead Storyတာလီဘန်လက်အောက် ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်စေရန် ကဘူးလ်ဒေသခံများ မျှော်လင့်

တာလီဘန်လက်အောက် ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်စေရန် ကဘူးလ်ဒေသခံများ မျှော်လင့်

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်က ဒေသခံတွေဟာ တာလီဘန် လက်အောက်မှာ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်လာဖို့နဲ့ ဆေးဝါး ရနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

အမျိုးသား တယောက်ကတော့ နိုင်ငံတွင်းမှာ အလုပ်လက်မဲ့ ပြဿနာကြောင့် ဆရာဝန်တွေ က ဉာဏ်ပူဇော်ခ လျှော့ယူဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

နိုင်ငံတကာလူ့အဖွဲ့အစည်းဟာ စစ်ကြောင့် ချွတ်ခြုံကျနေတဲ့ အာဖဂန်ရဲ့ ကျန်းမာရေး အစီအစဉ် အတွက် ရန်ပုံငွေတွေ စပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အာဖဂန်နစ္စတန်နိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် က စက်တင်ဘာ ၂၃ ရက်မှာ ဆော်သြ လိုက်ပါတယ်။

တာလီဘန်တွေက အာဖဂန်ကို သိမ်းပိုက်ပြီးတည်းက ကျန်းမာရေးအစီအစဉ်တွေကို ဆိုင်းငံ့ ထားခဲ့လို့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် တဟုန်ထိုး ကျဆင်းနေတာပါ။

  အာဏာရတည်းက တာလီဘန်တွေဟာ ဆိုးရွားတဲ့ စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင် နေရပါတယ်။

  ဒါ့အပြင် အရင်အစိုးရနဲ့ အပေါင်းအပါတွေကို လက်စားချေနေတယ်ဆိုတဲ့ စွဲချက်တွေကနေ အမျိုးသမီးပညာသင်ခွင့်ထိ ကိစ္စပေါင်းစုံအတွက် ဖိအားတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular