သံတိုသံစ ရောင်းဝယ်သူဟန်ဆောင် ဒလန်များကို 27 Revolution Forces က သတိပေး

မြင်းခြံမြို့နယ်တွင် သံတို၊ သံစ၊ ဆံပင်ကျွတ်ရောင်းဝယ်သမား တွေ့ရှိပါက စကစသတင်းပေးအဖြစ် သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းခံရမယ်လို့ 27 Revolution Forces က စက်တင်ဘာ ၂၈ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မြင်းခြံမြို့နယ်အတွင်း သတင်းယူ ထောက်လှမ်းနိုင်ဖို့ လက်တလော ရပ်ကွက် ကျေးရွာတွေကို သံတိုသံစ ရောင်းဝယ်သမားလိုလို ဆံပင်ကျွတ်ရောင်းဝယ်သမားလိုလို အသွင်မျိုးစုံယူ စေခိုင်း/လှုပ်ရှားပြီး သတင်းပေး သတင်းယူ လုပ်ဆောင်နေတာ တွေ့မြင်ရတာကြောင့် အခုလို ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

အစစ်အမှန် အသက်မွေးဝမ်းကျောင်းပြုသူ သံတို သံစ ‌ဆံပင်ကျွတ်သည်များပါ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် အောက်တိုဘာ ၂ ရက်နောက်ပိုင်း သံတိုသံစ ရောင်းဝယ်သူ၊ ဆံပင်ကျွတ် ရောင်းဝယ်သူတွေကို ရပ်ကွက် ကျေးရွာတွေမှာ တွေ့ရှိပါက ဒလန်၊ စကစ သတင်းပေး သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

More News
Up