Saturday, June 10, 2023
HomeLead Storyအပူပိုင်းမုန်တိုင်းကြောင့် ထိုင်းနိုင်ငံဒေသအနှံ့ရေကြီး၊ ၆ ဦးထက်မနည်း သေဆုံး

အပူပိုင်းမုန်တိုင်းကြောင့် ထိုင်းနိုင်ငံဒေသအနှံ့ရေကြီး၊ ၆ ဦးထက်မနည်း သေဆုံး

ထိုင်းနိုင်ငံကို အပူပိုင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်နေလို့ နိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းက ပြည်နယ် ၂၃ ခု မှာ ရေကြီးနေတာကြောင့် လူ ၆ ယောက်ထက်မနည်း သေဆုံးပြီး ၂ ယောက် ပျောက်ဆုံးနေပါတယ်။

ရေဘေးဒဏ်ကို အိမ်ထောင်စု ၅၈၉၇၇ စု ခံစားခဲ့ရတယ်လို့ ကပ်ဘေး ဟန့်တားရေးနဲ့ လျော့ပါးသက်သာစေရေးဌာနက ပြောပါတယ်။

မြို့တော်ဘန်ကောက် အပါအဝင် ကျောက်ဖယားမြစ်တလျှောက်က ဒေသတွေမှာ ရေဘေး သတိပေးချက် ထုတ်ပြန်ကြေညာထားပါတယ်။

စက်တပ် လေဟုန်စီးယာဉ် ပါရာမော်တာ စီးနင်းသူ စေတနာ့ဝန်ထမ်းတွေက နိုင်ငံအလယ်ပိုင်းက ရေဘေးသင့် ဒေသခံတွေအတွက် အထောက်အပံ့တွေကို ပျံသန်း ဖြန့်ဝေပေးနေပါတယ်။

ပစ္စနုလောက်ပရဟိတအဖွဲ့အတွက် လုပ်ပေးနေတဲ့ စက်တပ်ဂလိုက်ဒါ စီးနင်းသူ ၇ ယောက်၊ ၈ ယောက် ပါတဲ့အဖွဲ့ဟာ စက်တင်ဘာ ၂၇ ရက်က ဆူခိုထိုင်းပြည်နယ်ဆီသွားပြီး ဒေသခံတွေကို ကူညီခဲ့တာပါ။

“ဆူခိုထိုင်းပြည်နယ် တခုလုံးနီးပါး ရေကြီးနေတယ်။ အခြေအနေက မနှစ်ကနဲ့စာရင် ပိုဆိုးနေတယ်” လို့ စေတနာ့ဝန်ထမ်းအဖွဲ့ ခေါင်းဆောင် ဝီချိုင် တီယာစန်က ရိုက်တာကို ပြောပါတယ်။

ပါရာမော်တာမှာ ဓာတ်ဆီသုံးမော်တာနဲ့ မောင်းနှင်တဲ့ ပန်ကာအကြီးစားပါတဲ့ သံကိုယ်ထည် ပါဝင်ကာ စီးနင်းသူက ဒီပစ္စည်းကို ကျောမှာပိုးထားပြီး လေထီးနဲ့တွဲလျက် အသုံးပြုရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular