ရေစကြိုမြို့နယ်တွင် Mytel တာဝါတိုင်ဖျက်ဆီးခံရ
DVB
·
September 28, 2021
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကမ်းဖြူအုပ်စု၊ ကိုင်းကျေးရွာက Mytel တာဝါတိုင်ကို စက်တင်ဘာ ၂၈ ရက်ည ၇ နာရီဝန်းကျင်က ဖောက်ခွဲမီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာ မှန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီ အမြစ်မပြတ်မချင်း ရတဲ့နည်းနဲ့ တော်လှန်သွားမှာပါ” လို့ YSO PDF တာဝန်ခံက ပြောပါတယ်။
ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSO PDF) ဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်ခေါင်းဆောင်ရဲ့ မိသားစုအကျိုးစီးပွားနဲ့ ဆက်နွှယ်နေတဲ့ Mytel တာဝါတိုင် ၂၀ ကျော် ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။