ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် (၅၆) ရပ်ကွက်၊ စမ်းမြရန်ချယ် ၃ လမ်းနဲ့ နဝရက်ကိုးသွယ်လမ်းအနီးရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို စက်တင်ဘာ ၂၈ ရက် ဒီ ညနေ ၃ နာရီ ၄၇ မိနစ်မှာ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ G-20 UBPO အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ နေရာတွေကို အခုလို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လက်ပါးစေ စစ်သားတွေ၊ ရဲတွေနဲ့ သတင်းပေးဒလန်တွေကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းသွားမယ်လို့လည်း G-20 UBPO ကြေညာထားပါတယ်။
G-20 UBPO အဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကလည်း သာကေတမြို့နယ် ၄/တောင်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့သလို စက်တင်ဘာ ၂၅ ရက်ကလည်း ဒေါပုံလျှပ်စစ် မီတာရုံးနဲ့ သာကေတမြို့နယ် ရဲကင်းတစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။