Home
မြန်မာသတင်း
သတင်းပေး ၁ ဦး လုပ်ကြံခံရပြီးနောက် ရေးဒေသခံ အနည်းဆုံး ၅ ဦး ဖမ်းဆီးခံရ
DVB
·
September 28, 2021

မွန်ပြည်နယ် ရေးမြို့နယ် အစင်စံပြကျေးရွာမှာ စစ်ကောင်စီ သတင်းပေး ၁ ဦး လုပ်ကြံခံရပြီးတဲ့နောက် သံသယရှိတဲ့ ဒေသခံ အနည်းဆုံး ၅ ဦးလောက် ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အစင်ကျေးရွာက စစ်ကောင်စီရဲ့ သတင်းပေး ဦးကျော်သူထွန်းကို ရေး PDF ပြောက်ကျားအထူးတပ်ဖွဲ့က ပြီးခဲ့တဲ့ရက်က သေနတ်နဲ့ အနီးကပ်ပစ်ခတ်အပြီး သံသယရှိတဲ့နေအိမ်တွေမှာ ၀င်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

ရေးမြို့နယ်မှာ ဒီနေ့အထိ မတရားဖမ်းဆီးထိန်းသိမ်းခံရထားသူ အယောက် ၃၀ ကျော်ရှိပြီး ဖမ်းဆီးခံရထားရတဲ့သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ပါဝင်ပတ်သက်တဲ့သူတွေ အများဆုံးဖြစ်ပြီး အရွယ်မရောက်သေးတဲ့ လူငယ်တချို့လည်း ပါရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေးမြို့မှာ PDF တွေရဲ့ မကြာခဏ ဗုံးခွဲ ပစ်ခတ်တိုက်ခိုက်ခံရတာတွေကြောင့် စစ်ကောင်စီတပ်တွေဟာ မြို့အဝင် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေး ပိုတင်းကျပ်လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ လက်နက်ကိုင်တွေ၊ ရဲတွေ၊ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ စစ်ကောင်စီကို အကျိုးပြုနေသူတွေရဲ့ အနီးပတ်ဝန်းကျင်မှာ ပြည်သူတွေ နေထိုင်သွားလာတာ မပြုလုပ်ကြဖို့ ရေး PDF က ထပ်မံမေတ္တာရပ်ခံထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024