မကွေးတိုင်း၊ ရေစကြိုမြို့မှာ စက်တင်ဘာ ၂၇ ရက်မနက်ပိုင်းက စစ်တပ်ရဲ့ ပြည်သူအပေါ် အကြမ်းဖက်နှိပ်စက်မှုကို ဓာတ်ပုံရိုက်မိတဲ့ အရုပ်အရောင်းဆိုင်က ဆိုင်ရှင်လင်မယား ၂ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
မြန်မာ့ရှေ့ဆောင်ဘဏ်နားမှာ ဒီနေ့မနက် ၁၀ နာရီခွဲလောက်က အကြမ်းဖက်စစ်အုပ်စုတွေဟာ သူတို့ကို ရှောင်မမောင်းတဲ့ သုံးဘီးဆိုင်ကယ်သမား တစ်ယောက်ကို ရိုက်နှက်နှိပ်စက်နေတာကို မြင်တွေရတဲ့ အဲဒီအရောင်းဆိုင်ကလင်မယားက ဓာတ်ပုံရိုက်ခဲ့ရာက ဖမ်းဆီးခံရတာလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
သဇင် ကလေးကစားစရာဆိုင်က ဆိုင်ရှင်အမျိုးသမီးဟာ ရိုက်နှက်နေတဲ့ဖြစ်စဉ်ကို ဓာတ်ပုံ ရိုက်ချိန် စစ်အုပ်စုက တွေ့သွားတာကြောင့် သေနတ်တွေ ပစ်ဖောက်ပြီးတော့ လင်မယား နှစ်ယောက်စလုံးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုတွေဟာ မနေ့ည ကဖောက်ခွဲဖျက်ဆီးခံရတဲ့ မအူတောင်ရွာက မိုင်တဲလ် တာဝါတိုင်နားမှာလည်း သေနတ်တွေ ပစ်ဖောက်ပြီးတော့ ဒေသခံပြည်သူတွေကို ကြိမ်းမောင်းဆဲဆိုခဲ့ပါတယ်။