တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ မြသီတာရပ်ကွက်ရှိ နယ်မြေရဲစခန်း နယ်ထိန်း ဦးကျော်မင်းဦးရဲ့ နေအိမ်မှာ စက်တင်ဘာ ၂၆ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ဆိုင်ကယ်နဲ့လာရောက်ပြီး နေထိမ်ထဲကို ဗုံးပစ်သွင်းသွားတာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် နေအိမ်မှာ လူမရှိလို့ ထိခိုက် ဒဏ်ရာရသူတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုဗုံးပေါက်ကွဲတဲ့ နေအိမ်ဟာ ကံပေါက်ရဲစခန်းအနီးမှာတည်ရှိပြီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ လာရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အခုဗုံးပေါက်ကွဲမှုဖြစ်စဥ်ဟာ ကံပေါက်ဒေသမှာ ပထမဦးဆုံး ဖြစ်ပွားတဲ့ ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။