Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ချယ်ရီထက်ကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်
DVB
·
September 26, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုရဲအုပ် ချယ်ရီထက်ကို စက်တင်ဘာ ၂၁ ရက် က နေအိမ်အကျယ်ချုပ် ထားရှိရာကနေ စစ်ဆေးမြန်းမေးဖို့ခေါ်ဆောင်သွားခဲ့ပြီး စက်တင်ဘာ ၂၃ ရက်က နေပြည်တော် အမှတ် (၁) မြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ  ၅၀၅ (က) နဲ့ အမှုဖွင့်လိုက်တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေထံကနေ သိရပါတယ်။

နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင် သိမ်းယူပြီးနောက်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ချယ်ရီထက်နဲ့ပတ်သက်ပြီး သတင်းအမျိုးမျိုး ထွက်ခဲ့သလို စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

တပ်တွင်းသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ  ချယ်ရီထက်ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က သူတွေနဲ့ အဆက်အသွယ်ရှိတဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာလို့ သိရပါတယ်။ 

ချယ်ရီထက် ဖမ်းဆီးခံရကြောင်း  NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး CDM ရဲတပ်ဖွဲ့ဝင်တွေကို CDM ကုတ်နံပါတ်ထုတ်ပေးတဲ့ Myanmar Police CDM Channel ကလည်း အတည်ပြုပြောဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024