စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အရပ်သုံးယာဉ်တွေနဲ့ သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေရဲ့ ယာဉ်တန်းကို စက်တင်ဘာ ၂၅ ရက်နေ့က မိုင်းဆွဲတိုက်ခဲ့ကြောင်း ကလေး PDF က သတင်းထုတ်ပြန်ပါတယ်။
မနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ အရပ်သုံးယာဉ် ဆိုင်ကယ် ၅ စီး၊ ကုန်တင်ကား ၄ စီး အသုံးပြုပြီး တောင်ပိုင်းမှ ကလေးမြို့ဘက်သို့ ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ချင်းဆိုင်ရွာအနီး ရထားသံလမ်းခုံးကျော်မှာ ကလေး PDF တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခဲ့တာလို့ ဆိုပါတယ်။
ဆိုင်ကယ် ၃ စီးနဲ့ ကား ၁ စီး ထိမှန်ပျက်စီးခဲ့ပြီး ဆိုင်ကယ်မောင်းလာတဲ့ စစ်သား ၃ ဦးနဲ့ ကုန်တင်ကားပေါ်က စစ်သား ၅ ဦး စုစုပေါင်း ၈ ဦး သေဆုံးသွားတယ်လို့လည်း ကလေးPDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေက ချင်းဆိုင်ရွာဘက်ကို ကြောက်လန့်တကြား ရမ်းသန်းပစ်ခတ်ခဲ့သလို မိုင်းထိမှန်တဲ့ကားတွေကို ချန်ရစ်ပြီး ကျန်ယာဉ်ပေါ်ကို အလောင်းတွေ တင်ကာ ကလေးမြို့တွင်းသို့ အမြန်ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။