တီးတိန်မြို့နယ်၌ စစ်ကား ၂ စီး မိုင်းထိမှန်၊ စစ်သား ၆ ဦးထက်မနည်းသေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စက်တင်ဘာ ၂၂ ရက်ညနေပိုင်းက PDF တပ်ဖွဲ့ ၂ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၆ ယောက်ထက် မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ PDF ZOLAND က ထုတ်ပြန်ပါတယ်။

တီးတိန်မြို့နယ်ထဲမှာ မနေ့ ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ တင်လာတဲ့ကား ၂ စီးကို PDF Zoland နဲ့ Civic Defence Militia တိုပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၆ ယောက်ထက်မနည်း သေဆုံးပြီးတော့ အများအပြားဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပြီးတော့ ပြန်လည်ပစ်ခတ်ပေမယ့် PDF Zolend နဲ့ CDM တပ်ဖွဲ့ဘက်က အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ချင်းပြည်နယ်ထဲက ၈ မြို့နယ်ကို  အင်တာနက်ဖြတ်တောက်ပြီးတော့ မြို့ပေါ်တွေနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up