စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၁၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၁ ဦးကို ညှဉ်းပန်းနှိပ်စက်ကာ သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၇၀ လောက်ဟာ စက်တင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ရင်ပေါင်တိုင်ကျေးရွာကို စတင်ဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၉ ဦး စုစုပေါင်း ၁၄ ဦးတို့ ဖမ်းဆီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က နှိပ်စက်ပစ်ခတ်တာကြောင့် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ကာ ကျန်တဲ့သူတွေကိုတော့ မေးမြန်းရိုက်ပုတ်စစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူဟာ ကိုမြင့်သန်းဦး ဆိုသူဖြစ်ပြီး အရိုက်ခံထားရသူတွေကလည်း ဒဏ်ရာပြင်းထန်သူတချို့ရှိသလို အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေထားရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေ ကျေးရွာတွင်း နေအိမ်တွေနဲ့ စျေးဆိုင်တစ်ဆိုင်ကို ဝင်ရောက်ဖျက်ဆီးမွှေနှောက်ခဲ့ပြီး ပစ္စည်းတွေ ယူဆောင်တာအပြင် ဖုန်းဘေ ၆ သိန်း ကျပ်လောက်နဲ့ ငွေသား ကျပ် ၅ သိန်း ကိုလည်း ယူဆောင်သွားကြတာလို့ ဆိုပါတယ်။
ဒီနေ့မနက်မှာ စစ်ကောင်စီတပ်ဟာ ဒီနေ့မနက်မှာတော့ ရင်ပေါင်တိုင်ကျေးရွာကနေ ယင်းမာပင်မြို့ဘက် ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတပ်ဟာ ပုလဲမြို့နယ်ဘက်က ကျေးရွာတွေကို မွှေနှောက်ဖျက်ဆီးခဲ့တဲ့တပ် ဖြစ်တယ်လို့ ဆိုပါတယ်။