မကွေးတိုင်း၊ မကွေးမြို့၊ ကောင်းမွန်စင်တာအရှေ့ဘက်နဲ့ လက်ရွေးစင် ၃ အနောက်ဘက်၊ ကန်သာ ၁၈ လမ်းမှာရှိတဲ့ MPT တာဝါတိုင် ဒီနေ့မနက် ၁၁ နာရီလောက်က ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
မကွေးမြို့ခံတဦးက “တိုင်တော့ မလဲဘူး။ အောက်က စက်ခန်းကတော့ မီးလောင်ပျက်စီးကုန်တယ်။ စစ်သားတွေတော့ ပတ်ချာလည်ရှုပ်နေတာပဲ။ အစစ်အဆေးတွေလည်း ရှိတယ်။ အဲဒီတိုင်နားမှာ လမ်းခင်းနေတဲ့ လမ်းလုပ်သားတွေကို စစ်ကားနဲ့တပ်ပြီး ခေါ်သွားတာမြင်တယ်” လို့ ပြောပါတယ်။
အခု ဖောက်ခွဲဖျက်ဆီးမှုကို No Chair ပြောက်ကျားတပ်ဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ သူတို့နဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေကို အဆုံးထိ တိုက်ခိုက်ဖျက်ဆီး ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။
မကွေးတိုင်းအတွင်းမှာ MPT တာဝါတိုင်ဖျက်ဆီးခံရတာ ပထမဆုံးဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ထမ်းတဦးဆီက သိရပါတယ်။