၂၀၁၁ အီဂျစ်လူထုအုံကြွမှုခေါင်းဆောင် ၃ ဦးကို ထောင်ဒဏ်များ ချမှတ်

၂၀၁၁ အီဂျစ်သမ္မတ ဟိုစနီ မူဘာရတ်ကို ဖြုတ်ချခဲ့တဲ့ အီဂျစ်လူထုအုံကြွမှုမှာ အဓိက ခေါင်းဆောင်ခဲ့သူ ၃ ဦးကို အီဂျစ်တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချလိုက်ပါတယ်။ egypt jail 3တရားခံရှေ့နေတွေက ဒါဟာ နိုင်ငံရေးအရ ဖိနှိပ်မှု ဖြစ်တယ်လို့ ဝေဖန်လိုက်ပြီး အယူခံ ၀င်သွားမယ်လို့ ပြောပါတယ်။ အာမက် မာဟန်၊ အာမက် ဒိုမာ၊ မိုဟာမက် အဒဲတို့ ၃ ဦးဟာ ထောင်ဒဏ် ၃ နှစ် အပြင် အမေရိကန်ဒေါ်လာ ၇၂၀၀ နဲ့ ညီမျှတဲ့ အီဂျစ်ပေါင် ၅ သောင်းလည်း ဒဏ်တပ်ခံခဲ့ရပါတယ်။ သူတို့ ၃ ဦးကို အီဂျစ်သမ္မတဟောင်းဖြစ်တဲ့ ဟိုစနီ မူဘာရတ်နဲ့ မိုဟာမက်မော်စီ တို့ကို တရားရုံးထုတ်ခဲ့တဲ့ တိုရာအကျဉ်းထောင်မှာပဲ ပြစ်ဒဏ်ချခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၃ ဦးဟာ တရားမ၀င်ဆန္ဒပြပွဲတွေကို ခေါင်းဆောင်ခဲ့မှုနဲ့ ရဲတွေကို တိုက်ခိုက်ခဲ့မှုတွေနဲ့ ရုံးတင် ထောင်ချခံခဲ့ရတာ ဖြစ်ပါတယ်။

//
More News
Up