စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အနောက်ပိုင်းကျေးရွာတစ်ရွာမှာ စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် တတိုင် စက်တင်ဘာ ၂၅ ရက် မနက် ၁ နာရီလောက်က မိုင်းခွဲဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
အခု ဖောက်ခွဲဖျက်ဆီးမှုကို ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့ က သူတို့လက်ချက်ဖြစ်တယ်လို့ အတိအလင်း ကြေညာထားပြီး ဖျက်ဆီးပြီးသား တာဝါတိုင်တွေကို လာရောက်ပြုပြင်ကြမယ့် ဘယ်ဝန်ထမ်းကိုမဆို သက်ညှာသွားမှာ မဟုတ်ဘူးလို့လည်း သတိပေးထားပါတယ်။
ဝက်လက်မြို့နယ် ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့အနေနဲ့ စစ်ကောင်စီသတင်းပေးနဲ့ ပျူစောထီး ၄ ယောက်ကို ရှင်းလင်းသုတ်သင်ပြီးခဲ့သလို မိုင်တဲလ်တာဝါတိုင် ၅ တိုင်ကိုလည်း ဖောက်ခွဲ ဖျက်ဆီးပြီးပြီလို့ သိရပါတယ်။