ဆူဒန်အစိုးရနှင့် သူပုန် တိုက်ပွဲပြင်းထန်၊ လူ ၂ သောင်းကျော် တိမ်းရှောင်နေရ

Photo by Reuters
ဆူဒန်တောင်ပိုင်း ဗောမြို့မှာ အစိုးရတပ်တွေနဲ့ သူပုန်တပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဆူဒန်တောင်ပိုင်း ကုလသမဂ္ဂကယ်ဆယ်ရေးအဖွဲ့ (ယူအန်အမ်အိုင်အက်စ်အက်စ်) ဟာ အရန်ဝန်ထမ်းတွေနဲ့ ဒဏ်ရာရခဲ့တဲ့ အရပ်သားတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကယ်ထုတ်ခဲ့ပါတယ်။ [caption id="attachment_49009" align="alignright" width="300"]Photo by Reuters Photo by Reuters[/caption] လောလောဆယ် အရပ်သား ၁ သောင်းခွဲကို ကုလသမဂ္ဂရုံးဝန်းထဲမှာ စုစည်းထား နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ပဋိပက္ခတွေ ဆက်ဖြစ်နေတာကြောင့် လူဦးရေ ၂ သောင်းကျော်ဟာလည်း အိမ်နီးချင်း တဖက်နိုင်ငံထဲကို ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။ ကုလသမဂ္ဂကယ်ဆယ်ရေးအဖွဲ့ရဲ့ ဒုတိယအကြီးအကဲ တိုဘိုင်လန်ဇာက အခြေအနေ တွေဟာ တင်းမာနေတုန်းပဲလို့ ပြောပါတယ်။ လက်နက်အပြည့်နဲ့ လူငယ်တွေဟာ လုံးဝ ထိန်းသိမ်းလို့ မနိုင်တဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။ နောက်ဆုံးတိုက်ခိုက်မှုတွေအတွင်း လူရာကျော် သေဆုံးသွားခဲ့ပြီ ပဋိပက္ခတွေကြောင့် အရပ်သား ၅ ထောင်လောက်ဟာ ဘန်တူးမြို့က ကုလသမဂ္ဂရုံးဝန်းထဲမှာ ၀င်ရောက်ခိုလှုံနေ ကြပါတယ်။ ကုလသမဂ္ဂရဲ့ ကယ်ဆယ်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ ဂျိုးဇက်က ကွန်းထရီးယက်စ်ကတော့ ခိုလှုံလာတဲ့ ဒုက္ခသည်တွေအတွက် ဆေးဝါးနဲ့ နေထိုင်ရေး လိုအပ်ချက်တွေကို ပံ့ပိုးပေးပြီး ရှိနေတဲ့ ပစ္စည်းတွေနဲ့ ဖြစ်အောင် စီစဉ်နေရပါတယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up