Saturday, June 3, 2023
HomeLead Storyဟေတီရွှေ့ပြောင်းလုပ်သားများကို တန်းတူဆက်ဆံရန် အမေရိကန်နိုင်ငံသားအခွင့်အရေး ခေါင်းဆောင် တောင်းဆို

ဟေတီရွှေ့ပြောင်းလုပ်သားများကို တန်းတူဆက်ဆံရန် အမေရိကန်နိုင်ငံသားအခွင့်အရေး ခေါင်းဆောင် တောင်းဆို

အမေရိကန်နိုင်ငံသားအခွင့်အရေးခေါင်းဆောင် အယ်လ်ရှာပတွန်ဟာ ဟေတီရွှေ့ပြောင်းအလုပ်သမားတွေကို တန်းတူဆက်ဆံရေး တောင်းဆိုဖို့ တက္ကဆက်နယ်စပ်ကို စက်တင်ဘာ ၂၃  ရက်မှာ သွားရောက်တဲ့အခါ  သူ့ကိုဆန္ဒပြသူအနည်းငယ်လောက်က နှောင့်ယှက်ခဲ့ကြပါတယ်။

အယ်လ်ရှာပတွန်ဟာ တက္ကဆက်နယ်စပ်အာဏာပိုင်တွေက ရွှေ့ပြောင်းဝင်ရောက်ဖို့ စုဝေးနေသူတွေကို မြင်းကျောကုန်းပေါ်ကနေ တွန်းထိုးနေတဲ့ ဓာတ်ပုံတွေကို မြင်တွေ့ပြီး ရက်အနည်းငယ်အကြာမှာ သွားရောက်ခဲ့တာပါ။

အဓိကအားဖြင့် ဟေတီလူမျိုးတွေကို တခြားနိုင်ငံတွေက ရွှေ့ပြောင်းသူတွေလိုပဲ ခိုလှုံခွင့်တောင်းခံဖို့အခွင့်အလမ်းတွေ သေချာရစေဖို့ နယ်စပ်ကိုလာရောက်တာဖြစ်တယ်လို့ အယ်လ်ရှာပတွန်က ပြောပါတယ်။

နယ်စပ်ကင်းလှည့်တပ်ဖွဲ့ကို အပြည့်အဝ စုံစမ်းစစ်ဆေးတာကို မြင်ချင်ပြီး ပါဝင်ပတ်သက်သူတွေကို တရားဥပဒေနဲ့ ရင်ဆိုင်စေချင်တယ်လို့ ဆိုပါတယ်။ ဒီနိုင်ငံကို ၀င်လာတဲ့သူတိုင်းကို ထိုက်တန်တဲ့ ခိုလှုံခွင့်အခွင့်အရေး အပြည့်အ၀ပေးတာကိုလည်း မြင်ချင်တယ်လို့  အယ်လ်ရှာပတွန်က ပြောဆိုပါတယ်။

အခုသီတင်းပတ်အစောပိုင်းက ရိုက်တာစ် ဒရုန်းယာဉ်ကနေ ရိုက်ထားတဲ့ ဗီဒီယိုထဲမှာ အမေရိကန်ဘက်မှာ ပြတ်လပ်နေတဲ့ အစားအစာနဲ့ရေကို၀ယ်ဖို့ မက္ကဆီကိုဘက် စီယူဒက်အကူနာမြို့နဲ့ အမေရိကန်ဘက် တက္ကဆက်ပြည်နယ် ဒဲလ်ရီရိုရှိ နယ်စပ်တလျှောက် ပြန့်ကျဲနေတဲ့ ယာယီစခန်းတွေကြား ကူးချည်သန်းချည် လုပ်နေတဲ့ ရာနဲ့ချီတဲ့ ဟေတီရွှေ့ပြောင်း နေထိုင်သူတွေကို ရိုက်ကူးမိထားပါတယ်။

ကောင်းဘွိုင်ဦးထုပ်တွေ ဆောင်းထားကြတဲ့ အရာရှိတွေဟာ ရွှေ့ပြောင်းသူတွေ သွားတဲ့လမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီး သူတို့တွေကိုခြိမ်းခြောက်ဖို့ မြင်းဇက်ကြိုးတွေကို သိသိသာသာ သုံးလာကြပါတယ်။

အိမ်ဖြူတော်ကတော့ ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောဆိုပြီး မြင်းတွေကိုလည်း ဒလ်ရီရိုမှာ သုံးတော့မှာ မဟုတ်တော့ဘူး လို့ ကြေညာထားပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular