ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ စင့်ကင်၊ ငှက်ပျောတော၊ သဖန်းပင်ကျေးရွာတွေဘက် စက်တင်ဘာ ၂၃ ရက်နေ့ နေ့လယ်ပိုင်းကစတင်ပြီး စစ်ကောင်စီအင်အား ၁၀၀ ကျော်လောက် အသီးသီးခွဲ တပ်ဖြန့်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။
ဗန်းမော်မြို့နယ်ရှိ အထင်ကရ တိမ်းဖာတောင်အနီးကနေလည်း ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့က လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိမ်းဖာတောင်ကြားဘက်ကနေ တိန်းသော်- မံရေးရွာဘက်ဖြတ်ကာ နားလုံဖြတ်လမ်းအားအသုံးပြုးပြီး ဒေါ့ဖုန်းယာန်ဘက် ချီတက်ဖွယ်ရှိ တယ်လို့လည်း သိရပါတယ်။
အဆိုပါ ဒေါ့ဖုန်းယာန်မြို့နယ်မှာ တိုက်ပွဲများလချီဖြစ်ပွားခဲ့ရာ အလော့ဘွမ်တောင်တန်း တည်ရှိနေပြီး စစ်ရေး ပြန်လည်တင်းမာလာနိုင်ခြေရှိနေတယ်လို့ စစ်ရေးလေ့လာနေသူ ဒေသခံတစ်ဦးက ပြောပါတယ်။