လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့တဲ့ လေယာဉ်ဗုံးခွဲမှု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ရတဲ့ လေယာဉ်ဗုံးခွဲမှု ၂၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော် အပြင်နားက အာလင်တန် အမျိုးသား သုသာန်မှာ ကျင်းပတာ ဖြစ်ပါတယ်။ Arlinton1 သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးသားချင်းတွေ ရာနဲ့ချီပြီး အခမ်းအနားကို တက်ရောက်လာကြပြီး အမေရိကန်ရှေ့နေချုပ် အဲလစ်ဟိုးဒါက မိန့်ခွန်း ပြောပါတယ်။ ၁၉၈၈ ခုနှစ်က ဖြစ်ခဲ့တဲ့ လေယာဉ်ဗုံးကွဲမှုနဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်း ဖော်ထုတ် သွားမယ်ဆိုတဲ့ အမေရိကန်အစိုးရ၊ ဗြိတိန်အစိုးရနဲ့ လစ်ဗျားအစိုးရတို့ရဲ့ ပူးတွဲကြေညာချက်ကို ဖတ်ကြားသွားခဲ့ပါတယ်။ လေယာဉ် ဗုံးခွဲမှုအတွင်း သေဆုံးသူ ခရီးသည် ၂၄၃ ယောက်ထဲမှာ အများစုဟာ ခရစ္စမတ်ကာလ ဥရောပကနေ နယူးယောက်ကို ပြန်ကြတဲ့ အမေရိကန်တွေ ဖြစ်ပါတယ်။ ပန်း အမ်း ဖလိုက် ၁၀၃ (Pan Am Flight 103) လေယာဉ်ဟာ လန်ဒန်ကနေ နယူးယောက်ကို ပျံသန်းနေစဉ် စကော့တလန်နိုင်ငံ လောကာဘီမြို့မှာ ပေါက်ကွဲပြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ဗုံးကွဲမှုကြောင့် သေဆုံးသွားသူတွေရဲ့ မိသားစုတွေကို လစ်ဗျား အာဏာရှင် မွမ်မာ ကဒါဖီက ၂၀၀၃ ခုနှစ်မှာ လျော်ကြေး ပေးခဲ့ပေမယ့် အဲဒီ တိုက်ခိုက်မှုကို သူ့ အမိန့်ပေးခဲ့ သလားဆိုတာကိုတော့ ၀န်မခံခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up