မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရဲကင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်သားတစ်ဦး စက်တင်ဘာ ၂၃ ရက်က နားထင်ကို သေနတ်နဲ့ပစ်ပြီး သတ်သေခဲ့တယ်လို့ သိရပါတယ်။
သတ်သေတဲ့ တပ်သား စိန်သန်းဟာ သင်ပန်းကုန်းရပ်ကွက်၊ ၁၂၁ လမ်းနဲ့ ၅၆ လမ်း ထောင့်က ရဲကင်းခြံစည်းရိုးဘန်ကာမှာ ကင်းစောင့်နေစဉ် သူကိုင်ဆောင်တဲ့ MA - 13 အမျိုးအစား သေနတ်နဲ့ ညာဘက် နားထင်ကို ပစ်ပြီး သေကြောင်းကြံခဲ့တာလို့ မှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
သေဆုံးသူ တပ်သား စိန်သန်းကို နန်းတွင်းဆေးရုံသို့ ခေါ်ဆောင်သွားပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စစ်ဆေးဖို့ သေမှုသေခင်းဖွင့်ထားတယ်လို့ သိရပါတယ်။