ထိုင်းသို့ စင်ကာပူနိုင်ငံက AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၂၀,၀၀၀ ပေးပို့မည်

ထိုင်းနိုင်ငံကို စင်ကာပူနိုင်ငံကနေ AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၂၀,၀၀၀ ပေးပို့လာဖို့ ရှိနေတယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ နှစ်နိုင်ငံ ကာကွယ်ဆေးလဲလှယ်ရေး အစီအစဉ်အရ သဘောတူညီခဲ့တာဖြစ်ပြီး ကာကွယ်ဆေး ၁၂၂,၄၀၀ ဟာ လာမယ့်စနေနေ့မှာ ရောက်ရှိလာမယ်လို့ ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထနီး ဆန်းဂရတ်က ပြောပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံက ကာကွယ်ဆေးတွေအပြင် Rapid Antigen Test Kits ၂ သိန်းနဲ့ Nasopharyngeal Swabs ၅ သိန်းကိုလည်း သဘောတူညီမှုတစိတ်တပိုင်းအနေနဲ့ ပေး ပို့သွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း ဘူတန်နိုင်ငံနဲ့ အလားတူသဘောတူညီမှုရရှိခဲ့ပြီး AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သိန်းခွဲ လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁ သန်းခွဲကျော်၊ သေဆုံးသူ ၁၅,၀၀၀ ကျော်နဲ့ အာရှဒေသတွင်း ကူးစက်မှုအမြင့်ဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ပါဝင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up