ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ သာကေတ - ဒေါပုံကျောင်းသားများသမဂ္ဂ( ဗကသများအဖွဲ့ချုပ်) အဖွဲ့ နှစ်ဖွဲ့ပူးပေါင်းပြီး စက်တင်ဘာ ၂၂ ရက် ဒီကနေ့ လမ်းပေါ်တက် ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။
"စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြ ပြည်သူ့ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ကြ" ကြွေးကြော်သံနဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ပြည်သူတွေ သွေးမအေးသွားဖို့နဲ့ စည်းစည်းလုံးလုံးနေကြဖို့၊ စစ်အာဏာရှင်ကို တော်လှန်ဖို့ ရည်ရွယ်ဆန္ဒပြတာဖြစ်ပြီး သပိတ်မှောက် ကျောင်းသားတွေကို တတ်နိုင်တဲ့ဘက်က အားပေး ကာကွယ်ပေးဖို့ သပိတ်မှောက် လူငယ်တစ်ဦးက ပြောပါတယ်။