မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းက စစ်တပ်ပိုင် MyTel တာဝါတိုင် ၂ တိုင် စက်တင်ဘာ ၂၂ လ မနက်ပိုင်းက ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။
ဆင်သေကျေးရွာအုပ်စု ရွှေဘယက်ရွာအနီးက MyTel တာဝါတိုင်နဲ့ ကျွန်းကြီးရွာ က MyTel တာဝါတိုင်တို့ဖြစ်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုတော့ အသိရပါဘူး။
“တာဝါတိုင်တွေ ဖောက်ခွဲတာတော့ ဟုတ်တယ်။ မနက်အစောပိုင်းကဖြစ်တာ။ လဲတော့ မလဲဘူး။” လို့ စဉ့်ကူးမြို့နယ် ဒေသခံတစ်ဦးက ပြောတယ်။
နေ့လယ်ပိုင်းမှာ MyTel တာဝါတိုင် ဗုံးခွဲခံရတဲ့ ရွာတွေအနီး အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ အရပ်ဝတ်နဲ့ရောက်လာပြီး အနီးအနားပတ်ဝန်းကျင်မှာ စစ်ဆေးတာ၊ ဖမ်းဆီးတာတွေလုပ်နေပါတယ်။