မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအနောက် သုသာန်အနီးရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို စက်တင်ဘာ ၂၀ ရက် ညနေ ၆ နာရီခွဲလောက်က မိုင်းခွဲဖျက်ဆီးခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့တယ်ဆိုတာကို ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
သပိတ်ကျင်းမြို့နယ်မှာအခု မိုင်းခွဲဖျက်ဆီးခံရတဲ့ တာဝါတိုင် အပါအဝင် အနည်းဆုံး တာဝါတိုင် ၃ တိုင် မိုင်းခွဲခံထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတင်းကျပ် စောင့်ကြည့်စစ်ဆေးနေပါတယ်။