Home
မြန်မာသတင်း
NUGအစိုးရဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိဟု ဝန်ကြီးပြော
DVB
·
September 22, 2021

အမျိုးသားညီညွတ်ရေးအစိုးရတခုလုံးရဲ့ လျာထားတဲ့ဘတ်ဂျက်က အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖြစ်ပြီး မကြာခင်ရတော့မယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးပါတယ်။

NUG/CRPH မှာလှူထားတဲ့ ဒေါ်လာ ၁၇ သန်းကို လက်နက်ဝယ်တာ၊ သင်တန်းစရိတ်သုံးတာ၊ စီဒီအမ်တွေကိုထောက်ပံ့ပေးနေတဲ့အကြောင်း၊ သိန်းချီတဲ့ပီဒီအက်တွေအတွက် လက်နက်တပ်ဆင်ပေးနိုင်ရေး ကြိုးပမ်းနေကြောင်းနဲ့  တနိုင်ငံလုံးအတိုင်းအတာအရ မြို့နယ်တခုကို သေနတ်အလက် ၁၀၀ နှုန်းဆိုရင်တောင် အလက် ၃၃၀၀၀  လိုအပ်နေကြောင်းလည်း  ဝန်ကြီးက ပြောပါတယ်။

စစ်ကောင်စီထောင်ထားတဲ့ ပီဒီအက်ဖ်အတုတွေကိုလည်း သတိထားကြဖို့ သူက သတိပေးပါတယ်။ ပီဒီအက်ဖ်အတုတွေကြောင့် အလှူရှင်တွေ အဖမ်းခံရတာ မနည်းတော့ဘူးလို့သူက ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေကို စည်းရုံးရမှာထက် မြို့ပြ Comfort Zone က ဆရာကြီးတွေ၊ လူ့မလိုင်တွေကိုသာ စည်းရုံးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပီဒီအက်ဖ်တွေ ကျဆုံးတာနဲ့ပတ်သက်လို့တော့ မရေမတွက်နိုင်တဲ့ ကိုယ်ထူကိုယ်ထ ဒေသခံ ပီဒီအက်ဖ်တွေဟာ ဦးဆောင်သူရဲ့ ပါးနပ်မှုပေါ်မူတည်လိမ့်မယ်လို့သူက ပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ လှုပ်ရှားတဲ့ ပီဒီအက်ဖ်တွေမှာ နည်းဗျူဟာဌာနရှိပြီး နည်းပညာအထောက်အကူပြုအဖွဲ့မှာကျွမ်းကျင်သူတွေက ကြပ်မတ်ဆောင်ရွက်ပေးနေကြောင်း၊ ရန်သူသတင်းအချက်အလက် ချိတ်ဆက်မှုကအစ ဦးဆောင်ပေးနေပြီး အထိအခိုက်နည်းပြီး အောင်မြင်တာ များတယ်လို့ ဆိုပါတယ်။ ထိခိုက်ကျဆုံးတာတွေနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က ဦးဆောင်တာဖြစ်ပါစေ၊ ၀မ်းနည်းရပါကြောင်းနဲ့ ပန်းတိုင်းတူရင် အဖွဲ့တူသာဖြစ်တယ်လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024