ဖိလစ်ပိုင်တွင် လဘန်ဂံ မြို့တော်ဝန်အပါအ၀င် ဇနီးနှင့်မြေး လုပ်ကြံခံရ

ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာလေဆိပ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ သေနတ်သမား ၂ ဦးက လဘန်ဂံ မြို့တော်ဝန်အပါအ၀င် သူ့ဇနီး၊  ၁၈ လအရွယ် မြေးနဲ့ မြို့တော်ဝန်ရဲ့ ကိုယ်ရံတော် တဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး လူ ၅ ဦးလည်း ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

21philippines_span-articleLargeရဲယူနီဖောင်း ၀တ်ထားတဲ့ သေနတ်သမားတွေက မြို့တော်ဝန် မိသားစုကို အနီးကပ်သေနတ်နဲ့ ပစ်ပြီးနောက် မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ ဒဏ်ရာရသူတချို့ဟာ ဘေးမှာရပ်နေကြသူတွေ ဖြစ်ပါတယ်။

မြို့တော်ဝန်ဟာ အရင်ကလည်း ၂ ကြိမ် လုပ်ကြံတာခံခဲ့ရပေမယ့် သေဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

မြို့တော်ဝန်ဟာ သူ့မိသားစုနဲ့အတူ တောင်ပိုင်းကနေ လေကြောင်းခရီးနဲ့ ပြန်ရောက်ပြီးနောက် တာမင်နယ်အပြင်မှာ ကားစောင့်နေတုန်း သေနတ်သမား ၂ ယောက်က အနီးကပ် ပစ်သတ်ခဲ့တာလို့ လေဆိပ်မန်နေဂျာ ဟိုဆေး ဟွန်ရာဒိုက ပြောပါတယ်။

အခု သေနတ်ပစ်ခတ်မှု ဖြစ်တဲ့ လေဆိပ်မှာ ၁၉၈၃ ခုနှစ်တုန်းက ထင်ရှားတဲ့ အတိုက်အခံ နိုင်ငံရေးသမားနဲ့ လက်ရှိ ဖိလစ်ပိုင်သမ္မတရဲ့ဖခင် စီနီယာ ဘန်နစ်နို အကွီနို လုပ်ကြံခံခဲ့ရပါတယ်။ ဒါကြောင့် အဲဒီ လေဆိပ်ကိုလည်း  နီနွိုင်း အကွီနို လေဆိပ်လို့ နာမည်ပေးထားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up