အမေရိကန်သမ္မတနှင့် ကုလအတွင်းရေးမှူးချုပ် တွေ့ဆုံ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်နဲ့ စက်တင်ဘာ ၂၀ ရက်က နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နှစ်စဉ်ကျင်းပနေကျ ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း အဆင့်မြင့်အစည်းအဝေးများ သီတင်းပတ်မှာ သမ္မတအဖြစ် စက်တင်ဘာ ၂၁ ရက်မှာ ပထမဆုံး မိန့်ခွန်းမပြောမီ ကြိုတင် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

အမေရိကန်က အာဖဂန်နစ္စတန်ကနေ ပြည်သူတွေ အမြောက်အမြား ထွက်လာခဲ့တဲ့ ဖြစ်ရပ်၊ သြစတြေးလျကို နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ပံ့ပိုးမယ့် သဘောတူညီချက်နဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကနေ ကမ္ဘာကြီး ပြန်လည်နာလန်ထစေရေး စိုးရိမ်ချက်တွေနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒတွေအပေါ် စိတ်ဝင်စားနေကြချိန်မှာ ဘိုင်ဒန်ရဲ့ ခရီးစဉ် ပေါ်ပေါက်ခဲ့တာပါ။

ဘိုင်ဒန်ကတော့ “ကုလသမဂ္ဂနဲ့ ခိုင်မာတဲ့ မိတ်ဖက်ဖြစ်ရေးက အရာအားလုံးထက်ပိုပြီး အရေးကြီးတယ်။ ဘယ်နိုင်ငံမှ အဓိကပြဿနာတွေကို တနိုင်ငံတည်း မဖြေရှင်းနိုင်ဘူး”လို့ ပြောပါတယ်။

More News
Up