ထိုင်းတွင် ကျောင်းဖွင့်အမီ ကိုဗစ်ကာကွယ်ဆေးထိုးကမ်ပိန်းစတင်၊ ကနဦးကျောင်းသား ၂၀၀၀ ထိုး နှံပြီးဖြစ်

ထိုင်းနိုင်ငံမှာ လာမယ့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးကမ်ပိန်းစတင်လိုက်ပြီး ကနဦးကျောင်းသားကျောင်းသူဦးရေ ၂,၀၀၀ ကို Sinopharm ကာကွယ်ဆေး စတင် ထိုးနှံပေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဒီကာကွယ်ဆေးထိုးကမ်ပိန်းကိုတော့ ချူလာဘွန် တော်ဝင်ဆေးသိပ္ပံ(စီအာရ်အေ)က မြို့ တော်ဘန်ကောက်နဲ့ အနီးတဝိုက်စာသင်ကျောင်းတွေက အသက် ၁၀ နှစ်ကနေ ၁၈ နှစ်အတွင်း ကျောင်းသားကျောင်းသူတွေကို မိဘတွေရဲ့ သဘောတူညီမှုနဲ့ ထိုးနှံပေးခဲ့တာလို့ ဆိုပါတယ်။

စီအာရ်အေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို အခမဲ့ထိုးနှံပေးမှာဖြစ်ကာ စာသင် ကျောင်းပေါင်း ၁၃၂ ကျောင်းက ကျောင်းသားကျောင်းသူဦးရေ ၁၈၀,၀၀၀ ကို ထိုးနှံပေးဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကိုတော့ ထိုင်းနိုင်ငံ အစားအစာနဲ့ ဆေးဝါးကွပ် ကဲရေးဦးစီးဌာနကလည်း အတည်ပြုချက်ရယူပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကာကွယ်ဆေးဟာ လူငယ်တွေအတွက် ဘေးကင်းကြောင်းနဲ့ တရုတ်၊ ချီလီ၊ သီရိလင်္ကာ၊ ယူအေအီးနိုင်ငံက လူငယ်တွေကိုပါ အသုံးပြုထိုးနှံခဲ့ပြီးဖြစ်တယ်လို့ စီအာရ်အေရဲ့ အထွေထွေအတွင်းရေးမှူး နီထိ မန်ဟန်နွန်ဒါက ပြောပါတယ်။

ဒီကမ်ပိန်းကိုတော့ မှတ်ပုံတင်ထားတဲ့ ကျောင်းသားကျောင်းသူတွေအားလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး လာမယ့် အောက်တိုဘာလလယ်လောက်မှာ ပြီးစီးနိုင်မယ်လို့ သူက ခန့်မှန်းထားပါတယ်။

ကာကွယ်ဆေးထိုးကမ်ပိန်းမှာတော့ စီအာရ်အေအနေနဲ့ ဆေးထိုးနှံပြီးအခြေအနေတွေကို နောက်တနေ့၊ တပတ်အကြာ၊ တလအကြာ ၃ ကြိမ်စောင့်ကြည့်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်း စာသင်ကျောင်းတွေကိုတော့ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ လာမယ့် နိုဝင်ဘာလထဲမှာ ဖွင့်လှစ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၁ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်အဖြစ်  ဖွင့်လှစ်မယ့် အချိန်မတိုင်မီ ကာ ကွယ်ဆေးတကြိမ်ထိုးနှံမှုကိုတော့ အန္တရာယ်ရှိ အနီရောင်ဇုန်နယ်မြေ ၂၉ ခုက ကျောင်း သားကျောင်းသူတွေကို ဦးစားပေးဖို့  ထိုင်းပညာရေးဝန်ကြီးဌာနက စီစဉ်ထားပါတယ်။

အဆိုပါ အန္တရာယ်ရှိ အနီရောင်ဇုန် နယ်မြေ ၂၉ ခုထဲမှာတော့ စာသင်ကျောင်းပေါင်း  ၁၅,၄၆၅ ခုရှိနေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁ ဒသမ ၄၈ သန်းကျော်၊ သေဆုံးသူ ၁၅,၀၀၀ ကျော်ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up