အမေရိကန်ရှိ လူနေရပ်ကွက်ထဲကို လေ့ကျင့်ရေးလေယာဉ်ပျက်ကျ

3.3K
အမေရိကန်ပြည်ထောင်စု တက်ဆပ်ပြည်နယ် လိတ်ခ်ဝေါ့သ် လူနေရပ်ကွက်ထဲကို စစ်တပ်ရဲ့ သင်တန်းလေ့ကျင့်ရေး လေယာဉ်တစီး စက်တင်ဘာ ၁၉ ရက်က ပျက်ကျခဲ့ပါတယ်။
ဒါကြောင့် လူနှစ်ယောက်ထက် မနည်း ဒဏ်ရာရပြီး အိမ်တွေ ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လေယာဉ်ပေါ်ပါတဲ့ လေယာဉ်မှူး ၂ ယောက်စလုံးဟာ လေယာဉ်ထဲကနေ ခုန်ထွက်နိုင်ခဲ့ပြီး ဆေးရုံတင်ထားရတယ်လို့ လိတ်ခ်ဝေါ့သ် ရပ်ကွက် မီးသတ်ဌာန အကြီးအကဲက ပြောပါတယ်။
ဒီရပ်ကွက်ဟာ တက်ဆပ်ပြည်နယ် မြောက်ပိုင်း ဖို့သ်ဝါ့သ် မြို့ပြဧရိယာထဲမှာ ရှိပါတယ်။ အိမ် ၃ လုံး ပျက်စီးပေမဲ့ နေထိုင်သူတွေ ဒဏ်ရာမရခဲ့ဘူးလို့ သူက ဆက်ပြော ပါတယ်။
လေယာဉ်မှူးတယောက်ရဲ့ လေထီးက လျှပ်စစ်ဓာတ်ကြိုးနဲ့ ငြိပြီး တွဲလောင်းဖြစ်နေခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။