စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပြူကံရပ်ကွက်၊ ကျန်စစ်သားလမ်းမှာ စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
အဆိုပါရပ်ကွက်ရှိ ပျဉ်ထောင် နှစ်ထပ်အိမ်တလုံးရဲ့ အပေါ်ထပ်မှာ ပန်ကာဖွင့်ထားရာကနေ ပန်ကာမော်တာအပူလွန်ကဲပြီး ထရံသို့ မီးကူးစက်ကာ မီးလောင်ကျွမ်းခဲ့တာပါ။
မီးလောင်မှုကို ဒေသခံ မီးသတ်တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာမှာ ည ၁၀ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁ သိန်းခွဲလောက် ရှိတယ်လို့ သိရပါတယ်။
Photo - MFSD & Doe Doe