မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၆၅ လမ်းနဲ့ ၁၀၇ လမ်း ဝန်းကျင်မှာ စက်တင်ဘာလ ၁၉ ရက် ဒီနေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေတဲ့ မန္တလေး စုပေါင်းသပိတ်စစ်ကြောင်း ကို စစ်တပ်က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။
မန္တလာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ သပိတ်စစ်ကြောင်း၊ ဘုရားကြီး သပိတ်စစ်ကြောင်း၊ စက်မှုသပိတ်စစ်ကြောင်း တို့ပါဝင်တဲ့ စုပေါင်းသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြအပြီးမှာ စစ်တပ်က အိမ်စီးကားနဲ့ ဝင်လာပြီး သေနတ်နဲ့ ပစ်ခတ်တာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့ ဆန္ဒပြစစ်ကြောင်း၏အပြီးမှာ အိမ်စီးကားနဲ့ ဝင်လာပြီး ပစ်ခတ်ဖြိုခွင်းတာ။ ပြေးကြတော့လည်း အနောက်ကနေ လိုက်ပစ်တယ်။ လိုက်ထရပ်ကားတွေနဲ့ လိုက်တာ” လို့ စစ်ကြောင်းမှာ ပါဝင်တဲ့ လူငယ်တစ်ဦး က ပြောပါတယ်။
ဒီလို သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရတဲ့ အတွက် ထိခိုက်ဒဏ်ရာအခြေအနေနဲ့ ဖမ်းဆီးခံရသူ ရှိမရှိ မသိရသေးပါဘူး။