စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အေးသာယာ (ပျံကျ)ရွာက စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို စက်တင်ဘာ ၁၈ ရက် ည ၉ နာရီလောက်မှာ သုတ်သင်ရှင်းလိုက်တယ်လို့ မြေအောက်တော်လှန်ရေးအဖွဲ့တခုက ပြောပါတယ်။
မြေအောက်တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက “ဒီရွာကို စစ်ခွေးတွေဝင်တိုင်း သူကလမ်းပြတယ်။ CDM သမားတွေရဲ့ စာရင်းကိုလည်း သူကပြောတယ်။ နောက် ပျူစောထီးသင်တန်းဆင်းဆိုတာလည်း သက်သေအထောက်အထား အတိအကျရတယ်၊ ဒါကြောင့် ရှင်းပစ်လိုက်တယ်” လို့ ပြောပါတယ်။
ဒီပဲယင်းမြို့နယ်မှာ ဇူလိုင် ၂ ရက်နေ့က ဒေသခံ PDF တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ PDF နဲ့အရပ်သား ၄၀ ကျော်လောက်ကျဆုံးခဲ့ပါတယ်။
ဒီနောက် စစ်တပ်ရဲ့ ဖိနှိပ်စီးနင်းခံရမှု အများဆုံးဖြစ်လာကာ သတင်းပေးဒလန်တွေကလည်း ပေါ်ပေါ်တင်တင် ပြုလုပ်လာတဲ့အတွက် မြေအောက်တော်လှန်ရေးအဖွဲ့တခုက အခုလို ရှင်းလင်းသုတ်သင်နေတာဖြစ်ပြီး ၆ ဦးမြောက်ရှိသွားပြီလို့ သိရပါတယ်။