Home
မြန်မာသတင်း
စစ်တပ်က စက်လှေပေါ်ပစ်သတ်ခဲ့သည့် ပရဟိတလူငယ်အပါအဝင် ကျဆုံးပြည်သူ ၁၁၀၈ ဦးထိရှိလာ
DVB
·
September 18, 2021

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၁၀၈ ယောက်ထိ ရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၂၂၇ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၅၉၁ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၇၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက် အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အလုပ်မှု ဆောင်အဖွဲ့ဝင် ဒေါ်သီတာအေးရဲ့ ခင်ပွန်းဖြစ်သူ ဦးရန်နိုင်ဦးဟာ ဖမ်းဆီးခံရပြီး ၄ ရက်အ ကြာ စက်တင်ဘာ ၁၆ ရက်က ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ စက်တင်ဘာ ၁၂ ရက် နေ့က အကြမ်းဖက်စစ်အုပ်စုဟာ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာမှာ ဒေါ်သီတာအေးကို လာရောက်ဖမ်းဆီးချိန်မှာ မတွေ့တာကြောင့် ဦးရန်နိုင်ဦးကို ရိုက်နှက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၄ ရက်မနက် ၆ နာရီက မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ အေး ချမ်းသာစံပြကျေးရွာအတွင်း အကြမ်းဖက်စစ်အုပ်စုတပ်တွေပစ်ခတ် စီးနင်းဝင်ရောက်လာ တာကြောင့် ရွာခံတွေ ကြောက်လန့်ထွက်ပြေးရာမှ အသက် ၁၃ နှစ်အရွယ် မောင်နေထက် ဦးနဲ့ တခြားကလေးတယောက်ဖြစ်သူ မောင်ထွန်းမြင့်တို့ဟာ ပစ်သတ်ခံခဲ့ရပါတယ်။ ဒါ့အ ပြင် ဒေသခံရွာသား ကိုမင်းမင်း(ခ)သက်နိုင်မင်းဟာလည်း ခြေထောက်ကျည်ထိမှန်ခဲ့ပြီး ဖမ်းဆီးခံခဲ့ရကာ မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘီခိုကျေးရွာမှ ပရဟိတလုပ်နေ တဲ့ လူငယ်တယောက်ဖြစ်တဲ့ ကိုလူအေးကို အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေက စက်တင်ဘာ ၁၄ ရက်နေ့က နေအိမ်မှာ ဖမ်းဆီးသွားခဲ့ပြီး စက်လှေပေါ်မှာ ပစ်သတ်ခဲ့တယ်လို့ သိရှိရပါတယ်။

         အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အ သီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024