မြောက်က ရန်စရင် ပြတ်သားစွာ တုံ့ပြန်မည်ဟု တောင်ကိုရီးယားပြော

တောင်ကိုရီးယား ကာကွယ်ရေးဌာနရဲ့ ပြောခွင့်ရသူ ကင်မင်းဆွခ်
မြောက်ကိုရီးယားဘက်က ရန်စတဲ့အပြုအမူတွေကို လုပ်လာရင် ပြတ်ပြတ်သားသား တုန့်ပြန်သွားမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ပြောဆိုလိုက်ပါတယ်။ မနေ့က မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တောင်ကိုရီးယား အမျိုးသား ကာကွယ်ရေးကောင်စီဆီကို ပို့လိုက်တဲ့ ဖက်စ်မှာ ကြိုတင် အသိမပေးဘဲ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ [caption id="attachment_48837" align="alignright" width="300"] တောင်ကိုရီးယား ကာကွယ်ရေးဌာနရဲ့ ပြောခွင့်ရသူ ကင်မင်းဆွခ် တောင်ကိုရီးယား ကာကွယ်ရေးဌာနရဲ့ ပြောခွင့်ရသူ ကင်မင်းဆွခ်[/caption]မြောက်ကိုရီးယားရဲ့ အခု ခြိမ်းခြောက်မှုဟာ တောင်ကိုရီးယားသား ရှေးရိုးစွဲအုပ်စုတွေ ဒီဇင်ဘာ ၁၇ ရက်နေ့က ဆိုးလ်မြို့မှာ စုရုံးပြီး မြောက်ကိုရီးယားခေါင်းဆောင်တွေရဲ့ ပုံတူတွေကို မီးရှို့ခဲ့တဲ့နောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီအပြုအမူတွေနဲ့ ဆန္ဒပြတာကို မြောက်ကိုရီးယား အမြင့်ဆုံးခေါင်းဆောင်ရဲ့ ဂုဏ်သိက္ခာကို စော်ကားမှုအဖြစ် မြောက်ကိုရီးယားဘက်က အပြစ်တင်လိုက်ပါတယ်။ နောက်တကြိမ် ဒီလို စော်ကားမယ်ဆိုရင် ကြိုတင် အသိမပေးဘဲ ဆိုးလ်မြို့လယ်ခေါင်ကို ပစ်မှတ်ထားပြီး ရက်ရက်စက်စက် တိုက်ခိုက်သွားမယ်လို့ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်လိုက်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဌာနရဲ့ ပြောခွင့်ရသူ ကင်မင်းဆွခ်က ဆိုးလ်မြို့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ တောင်ကိုရီးယားအစိုးရကလည်း ခြိမ်းခြောက်မှုကို ပြတ်ပြတ်သားသား လက်တုံ့ပြန်သွား မယ်လို့ ပြောတဲ့အကြောင်း ဖက်စ်နဲ့ ပြန်အကြောင်းကြားခဲ့တယ်လို့လည်း ကာကွယ်ရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မြောက်ကိုရီးယားဘက်က နောင်နှစ် အစောပိုင်းမှာ ရန်စတဲ့ အပြုအမူတွေကို လုပ်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ မြောက်ကိုရီးယားမှာ ဒုတိယ သြဇာအကြီးဆုံးပုဂ္ဂိုလ် ဂျန်ဆောင်တိတ်ကို သေဒဏ်ပေး ကွပ်မျက်လိုက်ပြီးတဲ့နောက်မှာ ပြည်တွင်းမှာ ညီညွတ်ရေး တည်ဆောက်တဲ့အနေနဲ့ တခြား နိုင်ငံတွေကို ရန်စလာနိုင်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ကြိုတင် ခန့်မှန်းထားတာပါ။ အသက် ၃၀ ၀န်းကျင် ရှိမယ်လို့ ခန့်မှန်းရတဲ့ မြောက်ကိုရီးယားရဲ့ လက်ရှိ ခေါင်းဆောင် ကင်ဂျုံအန်းဟာ လွန်ခဲ့တဲ့ ၂ နှစ်က ကွယ်လွန်သွားတဲ့ သူ့အဖေ အရင် ခေါင်းဆောင် ကင်ဂျုံအီရဲ့ နေရာကို ဆက်ခံခဲ့တဲ့နောက်မှာ တာဝေးပစ် မစ်ဇိုင်းဒုံးကျည် စမ်းသပ်မှု ၂ ကြိမ်နဲ့ နျူးကလီးယား လက်နက် စမ်းသပ်မှု ၁ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

More News
Up