စစ်ကိုင်းတိုင်း ကလေးမြို့မှာ စက်တင်ဘာ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခဲ့တယ်လို့ ကလေး PDF အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ကလေးမြို့ တောင်ဘက်ကနေ အိမ်စီးကား၊ စစ်ကားတွေနဲ့ စစ်ကောင်စီယာဉ်တန်းဟာ နည်းပညာတက္ကသိုလ် (GTC) အနီးမှာ ခေတ္တရပ်တန့်ပြီး အကြမ်းဖက်စစ်သားအချို့ ကားပေါ်ကဆင်းကာ လမ်းဘေးဝဲယာ မိုင်းရှာဖွေရှင်းလင်းဖို့ ကြိုးစားနေချိန် ကလေး PDF တပ်ဖွဲ့ဝင်တွေက အသင့်တပ်ဆင်ထားတဲ့ မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံမှုကြောင့် အကြမ်းဖက်စစ်သား အနည်းဆုံး ၃ ဦး မိုင်းထိမှန်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုင်းခွဲခံရပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။